စုဆောင်းငွေ
အဖွဲ့လိုက်စုဆောင်းငွေ
ကျွန်ုပ်တို့အနေဖြင့် အုပ်စုချေးငွေထုတ်ယူသူများအား ငွေစုသည့် အလေ့အကျင့်ရှိစေရန် နှင့် ဘ၀အတွက် အရေးကြီးသော အချိန်များ (သို့) အရေးပေါ်လိုအပ်သည့်ကိစ္စများတွင် အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ပြီး ယင်းစုငွေများအား ကောက်ခံခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့သည် စုရပ် အစည်းအဝေးများတွင် ပုံသေစုငွေပမာဏကိုသာ ကောက်ခံပါသည်။
- ပမာဏ-ချေးငွေပမာဏ၏၅ရာခိုင်နှုန်း
- အတိုးနှုန်း-၁၅ရာခိုင်နှုန်း
- ငွစုဆောင်းရန် အဖွဲ့ဝင်ဖြစ်ရပါမည်။
ဆန္ဒအလျောက်စုငွေ
ကျွန်ုပ်တို့အနေဖြင့် အသင်းသားများအား စုငွေများ စုခြင်းအားဖြင့် နေ့စဉ်ဘ၀ နှင့် လုပ်ငန်းများ၏ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံနိုင်စေရန် ရည်ရွယ်ပြီး ယင်းစုငွေများ စုခြင်းကိုအားပေးရခြင်းဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံငွေများအား အသင်းသားများ၏ အကောင့်ထဲတွင်သာ ထည့်သွင်းထားမည်ဖြစ်ပြီး အသင်းသားများလိုအပ်ပါက အတိုးနှင့်တကွ ပြန်လည်ပေးအပ်မည် ဖြစ်ပါသည်။
- ပမာဏ - ဘဏ်အကောင့်ထဲတွင် အနည်းဆုံး ၃၀၀၀၀ လက်ကျန်ရှိရမည်
- အတိုးနှုန်း-၁၀ရာခိုင်နှုန်းမှ၁၂ရာခိုင်နှုန်း