Fullerton Finance Myanmar ၏ သာကေတ ရုံးခွဲနှင့်ပတ်သတ်၍ သတင်းထုတ်ပြန်ခြင်း

  • ဖူ(လ်)လတန်မြန်မာသည် ၂၀၁၃ ခုနှစ် ဩဂတ်လတွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာ့အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ၂၀၁၅ ခုနှစ် ဇွန်လတွင် စတင်ရရှိခဲ့ပြီးဖြစ်ပါသည်။
  • ပထမဆုံး ဌာနခွဲအနေဖြင့် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် စတင်တည်ထောင်ခဲ့ပြီး ချေးငွေထုတ်ချေးခဲ့မှု အနေဖြင့် ၂၀၁၄ခုနှစ် အောက်တိုဘာလတွင် ပထမဦးဆုံး ထုတ်ချေးခဲ့ပါသည်။ ယခုအခါ မြို့နယ်ပေါင်း (၉၈) မြို့နယ်တွင် အသင်းသားပေါင်း (၂၀၀,၀၀၀) ကျော်တို့အား ချေးငွေဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။ အလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် နိုင်ငံသားဝန်ထမ်းပေါင်း (၈၀၀) ကျော်အား အလုပ်ပေးထားနိုင်ပါသည်။
  • ယခုအခါတွင် မလိုမုန်းထားသူအချို့မှ ဖူ(လ်)လတန်မြန်မာနှင့်ပတ်သတ်ပြီး သတင်းအမှားများကို ထုတ်လွှင့်လျှက်ရှိကြောင်း ကြားသိရပါသည်။ ကုမ္ပဏီအနေဖြင့် သာကေတနှင့် ဒေါပုံမြို့နယ်များတွင် အောက်ပါအတိုင်း ရုံးခွဲများကို ဖွင့်လှစ်ထားရှိပါသည်။

သာကေတရုံးခွဲ   –         အမှတ် (၂၁၃-ခ)၊ သုမနလမ်း၊ မာန်ပြေ(၃)ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။

ဖုန်း                –         09 977 917 969,          09 972 876 360,    09 982 836 690

ဒေါပုံရုံးခွဲ         –         အမှတ် (P-42)၊ ယမုံနာရိပ်မွန်အိမ်ယာ၊ သင်္ဘောသားရုံးလမ်း၊  ယမုံနာ (၂) ရပ်ကွက်၊ ဒေါပုံမြို့နယ်၊ ရန်ကုန်။

ဖုန်း     –         09 969 924 962,          09 959 417 431, 09 969 924 988

  • သို့ဖြစ်ပါ၍ အသင်းသားများနှင့် မိတ်ဆွေများအနေဖြင့် ကောလဟာလ သတင်းများအား ယုံကြည်ရန်မလိုအပ်ဘဲ အရေးကိစ္စရှိလာပါက အထက်ပါ ရုံးလိပ်စာများနှင့် ရုံးတာဝန်ခံဖုန်းများသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။ လက်ရှိအချိန်တွင် ဖူ(လ်)လတန်မြန်မာ၏ သာကေတနှင့် ဒေါပုံရုံးခွဲများအပါအဝင် တနိုင်ငံလုံးရှိ ရုံးခွဲများအားလုံး ကောင်းမွန်စွာလည်ပတ်လျှက်ရှိပြီး ဝန်ဆောင်မှုများလည်းပေးနေပါသည်၊၊ မည်သည့်ရုံးကိုမှ ပိတ်သိမ်းရန် မရှိသကဲ့သို့ နောင်တွင်လည်း ဖြစ်လာနိုင်စရာမရှိပါ။
  • သတင်းအမှားထုတ်လွှင့်သူများကိုလည်းစုံစမ်းရှာဖွေလျှက်ရှိပြီး တွေ့ရှိပါကတည်ဆဲတရားဥပဒေများနှင့် အညီ ထိရောက်စွာအရေးယူသွားပါမည်။

 

ဖူ(လ်)လတန်မြန်မာ

 

Zawgyi

 



ဖူ(လ်)လတန်မြန်မာ

Scroll to Top