Who We Are

သမိုင်းကျဉ်း

  • ဖူလ်တန်မြန်မာသည် ၂၀၁၃ခုနှစ် သြဂုတ်လတွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာ့အသေးစားငွေရေးကြေးရေးကြီးကြပ်မှုအဖွဲ့၏ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို ၂၀၁၅ခုနှစ် ဇွန်လတွင် ရရှိခဲ့ပါသည်။
  • ကျွန်ုပ်တို့၏ ပထမဆုံး ဌာနခွဲအနေဖြင့် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် စတင်တည်ထောင်ခဲ့ပြီး ချေးငွေထုတ်ချေးခဲ့မှုအနေဖြင့် ၂၀၁၄ခုနှစ် အောက်တိုဘာလတွင် ပထမဦးဆုံး ထုတ်ချေးခဲ့ပါသည်။ လပေါင်း (၇)လ အတွင်း ဌာနခွဲ (၁၂)ခုအား တိုင်းဒေသကြီး (၃)ခုဖြစ်သည့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် ထပ်မံ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
  • ၂၀၁၉ခုနှစ် မတ်လတွင် ဖူလ်တန်မြန်မာသည် တိုင်းဒေသကြီး (၆)ခုရှိ မြို့နယ်ပေါင်း (၇၀)ကျော်တွင် လုပ်ငန်းများထပ်မံတိုးချဲ့နိုင်ခဲ့ပြီး ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် မိသားစုပေါင်း(၂)သိန်းဝန်းကျင်၏ ဘ၀များကို ထိရောက်သောအကျိုးသက်ရောက်စေခဲ့ပြီး ၀န်ထမ်းပေါင်း (၁)ထောင်နီးပါးကိုလဲ အလုပ်အကိုင်များ ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။

Mission & Vision

အောင်မြင်ရန်အထောက်အကူပေးပြီး ဘ၀များကို ကြွယ်ဝချမ်းသာစေမည်။
ဖူလ်တန်မြန်မာတွင် no dream is too small။ သေးငယ်သောလုပ်ငန်းများကို ချေးငွေများ ထောက်ပံ့ခြင်းအားဖြင့် ကျွန်ုပ်တို့ချေးငွေရယူသူများကို အောက်ခြေလူတန်းစားအဆင့်မှ အသက်မွေးဝမ်းကျောင်းမှုများ တိုးတက် တည်မြဲစေရန် ထောက်ပံ့ပေးပါသည်။ ထို့ကြောင့် ၄င်းတို့၏မိသားစုများကို ပိုမိုကောင်းမွန်သောဘ၀များ ဖန်တီးပေးနိုင်မည် ဖြစ်သည်။

ကုမ္ပဏီ၏စံတန်ဖိုး

  • အလေးထားသော - ကျွန်ုပ်တို့ကာစတန်မာများနှင့် ပြည်သူလူထု၏ အခက်အခဲများကို သေချာစွာနားထောင်၍ သဘောပေါက်နားလည်စေပြီး ဖြေရှင်းပေးပါသည်။
  • တိုးတက်စေသော - ကျွန်ုပ်တို့အနေဖြင့် ချဉ်းကပ်မှုတိုင်းကို တိုးတက်စေရန် စဉ်ဆက်မပြတ် ရှာဖွေပေးနိုင်ပါသည်။
  • အားပေးထောက်ပံ့ခြင်း - ကျွန်ုပ်တို့ကာစတန်မာများနှင့် ပြည်သူလူထု၏ လိုအပ်ချက်များကို အရေးထားဆောင်ရွက်ပေးပါသည်။
  • အင်တိုက်အားတိုက်ရှိသော - ကျွန်ုပ်တို့သည် ကြံရည်ဖန်ရည်ရှိပြီး တက်ကြွမှု၊ အောင်မြင်မှုအပြင် စိတ်အားထက်သန်မှု၊ ပျော်ရွှင်မှုအပြည့်ဖြင့် ဆောင်ရွက်ပေးပါသည်။