Another intriguing style from Nivada Grenchen, on fake rolex this occasion a new Taravana Scuba diver from your 70's.
ဖူလတန်မြန်မာမှ အသင်းသားများ ပန်ကြားချက် - Fullerton Finance Co., Ltd. - Myanmar

ဖူလတန်မြန်မာမှ အသင်းသားများ ပန်ကြားချက်

ေလးစားတန္ဖိုးထားရပါေသာ အသင္းသားမ်ား

လက္တေလာကလတြင္ ကမာၻတစ္ဝွမ္းလုံး COVID-19 ကူးစက္မႈႏႈန္းသည္ တစ္စတစ္စျဖင့္ျပင္းထန္လွ်က္ရွိၿပီး ျမန္မာႏိုင္ငံ တြင္လည္း ကူးစက္ခံရသူအခ်ိဳ႕ရွိေနၿပီျဖစ္ပါသည္။ ဖူ(လ္)လတန္ျမန္မာအေနျဖင့္ အသင္းသားမ်ား၏ ဘ႑ာေရးဆိုင္ရာ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးရန္ မပ်က္မကြက္ေဆာင္႐ြက္ေနဆဲျဖစ္သည္ကို အခိုင္အမာေျပာဆိုလိုပါသည္။

ပထမဦးစြာ အသင္းသားမ်ားအေနျဖင့္ က်န္းမာစြာႏွင့္ COVID-19 မကူးစက္ေအာင္ေနထိုင္ရန္ ပန္ၾကားလိုပါသည္။ ျမန္မာ တစ္ႏိုင္ငံလုံးရွိ ဖူ(လ္)လတန္ျမန္မာ႐ုံးခြဲမ်ားတြင္ ကိုယ္အပူခ်ိန္တိုင္းတာျခင္းႏွင့္ စစ္ေဆးျခင္းလုပ္ငန္းမ်ားကို စဥ္ဆက္မျပတ္ ျပဳလုပ္လွ်က္ရွိပါသည္။ COVID-19 ေရာဂါလကၡဏာမ်ားျဖစ္သည့္ ဖ်ားနာျခင္း၊ (သို႔မဟုတ္) ေခ်ာင္းဆိုးျခင္း စေသာလကၡဏာ ရွိေနသည့္ အသင္းသားမ်ားကို ႐ုံးအတြင္းသို႔ ဝင္ေရာက္ခြင့္မျပဳသည္ကို နားလည္ေပးေစလိုပါသည္။ ဖူ(လ္)လတန္ျမန္မာ၏ ႐ုံးႏွင့္ ႐ုံးခြဲမ်ားကို သန႔္ရွင္းေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိၿပီး လက္သန႔္ေဆးရည္မ်ားကို အသင္းသားမ်ားအသုံးျပဳႏိုင္ရန္ အတြက္လည္း ထားရွိေပးထားပါသည္။

တစ္ခ်ိန္တည္းမွာပဲ ဖူ(လ္)လတန္ျမန္မာတြင္ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းမ်ား၏ က်န္းမာေရးကိုလည္း အၿမဲမျပတ္ ေစာင့္ၾကည္လွ်က္ရွိပါသည္။ အထူးသျဖင့္ အသင္းသားမ်ားႏွင့္ ဆက္သြယ္ေနရသည့္ ဝန္ထမ္းမ်ားကိုပို၍အေလးထား ေစာင့္ၾကည့္လွ်က္ရွိပါသည္။

ဝန္ထမ္း (သို႔မဟုတ္) ဝန္ထမ္းႏွင့္အတူေနထိုင္သည့္သူ (သို႔မဟုတ္) ဝန္ထမ္း၏ မိသားစုဝင္ တစ္ဦးဦးသည္ COVID-19 ႏွင့္ ဆက္စပ္သည့္ ေရာဂါလကၡဏာမ်ားရွိေနျခင္း (သို႔မဟုတ္) မၾကာေသးခင္ကမွႏိုင္ငံျခားခရီးစဥ္မွ ျပန္လာျခင္း စသည္မ်ားရွိပါက ထိုဝန္ထမ္းအား ႐ုံးတက္ျခင္းမျပဳေစဘဲ သက္ဆိုင္ရာဝန္ႀကီးဌာန၏ ထုတ္ျပန္ထားေသာလမ္းၫႊန္ခ်က္မ်ားႏွင့္ အညီေနထိုင္ ၾကရန္ ၫႊန္ၾကားထားၿပီးျဖစ္သည္။

ကြင္းဆင္းဝန္ထမ္းမ်ားအေနျဖင့္ အသင္းသားမ်ားႏွင့္ ေျပာဆိုဆက္သြယ္ရာတြင္လည္း COVID-19 ေရာဂါကူးစက္မႈမွ ကာကြယ္ႏိုင္ရန္ရည္႐ြယ္ခ်က္ျဖင့္ ႏွာေခါင္းစည္းမ်ား ဝတ္ဆင္ရန္ၫႊန္ၾကားထားသည္။ COVID-19 ကူးစက္မႈအႏၲရာယ္မွ ကာကြယ္ရန္ႏွင့္ ေလွ်ာ့ခ်ႏိုင္ရန္အတြက္ ဖူ(လ္)လတန္ျမန္မာ၏ လုပ္ငန္းလည္ပတ္မႈမ်ား အားလုံးတြင္ လူစုလူေဝးမ်ားမရွိေစရန္ ႏွင့္ တက္ႏိုင္သမွ်ေလွ်ာ့ခ်ရန္ ေဆာင္႐ြက္ထားရွိၿပီးျဖစ္ပါသည္။

ယခုကာလအပိုင္းအျခားတြင္ ေရာဂါကူးစက္မႈမွ ကာကြယ္ရန္အတြက္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ထား ရွိသည္ကို အသင္းသားမ်ား ႐ုံးသို႔လာေရာက္ခ်ိန္တြင္ ေတြ႕ျမင္ႏိုင္ပါသည္။ ထိုသို႔ ေဆာင္႐ြက္ထားရွိမႈအေပၚတြင္ အသင္းသား မ်ားမွ နားလည္ေပးသည့္အတြက္လည္း ေက်းဇူးတင္ပါသည္။ အသင္းသားမ်ား၏ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးရန္ႏွင့္ အခ်ိန္ႏွင့္တေျပးညီရရွိေစရန္အတြက္ ဖူ(လ္)လတန္ျမန္မာ၏ ဝန္ေဆာင္မႈမ်ားကို လက္လွမ္းမွီသည့္ေနရာမ်ားတြင္ တက္စြမ္း သေလာက္ျမႇင့္တင္ထားပါသည္။

COVID-19 ကူးစက္ခံရမႈေၾကာင့္ ထိခိုက္နစ္နာျခင္းရွိသည့္ အသင္းသားမ်ားအေနျဖင့္ ေခ်းေငြေပးဆပ္ရမႈ အခ်ိန္ဇယားမ်ား ျပန္လည္ေရးဆြဲျခင္းႏွင့္ သေဘာတူညီမႈမ်ားအားျပန္လည္ခ်မွတ္ျခင္း စသည့္အကူအညီမ်ားကိုရယူရန္အတြက္ ဖူ(လ္)လတန္ ျမန္မာ၏ ေခ်းေငြအရာရွိမ်ားထံသို႔ ဆက္သြယ္ေဆာင္႐ြက္ႏိုင္ပါသည္။

တစ္ခ်ိဳ႕ေဒသမ်ား၌ အေသးစားေငြေရးေၾကးေရးလုပ္ငန္းႏွင့္ ဆက္စပ္၍ေသာ္လည္း ဖူ(လ္)လတန္ျမန္မာ၏ ေခ်းေငြဝန္ေဆာင္ မႈမ်ားႏွင့္ ပက္သက္၍ေသာ္လည္းေကာင္း အသင္းသားမ်ားႏွင့္ ကုမၸဏီၾကား မမွန္မကန္ေသာ သတင္းအတုမ်ား၊ ေကာလဟာလ မ်ားကို ျဖန္ျဖဴးျခင္းမ်ားရွိေနပါသည္။ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္၊ ေနျပည္ေတာ္ေကာင္စီ၏ ၂၀၂၀ ခုႏွစ္၊ မတ္လ (၁၈) ရက္ေန႔ အမိန္႔အမွတ္ (၂၅/၂၀၂၀) အရ အမ်ားျပည္သူ စိုးရိမ္ထိတ္လန႔္ေစမည့္ မမွန္မကန္သတင္း၊ ေကာလဟာလမ်ားကို ဖန္တီးျခင္း၊ ျဖန႔္ေဝျခင္းမျပဳလုပ္ရန္ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားၿပီးျဖစ္ပါသည္။ သို႔ပါေသာေၾကာင့္ အသင္းသားမ်ားအေနျဖင့္ ဖူ(လ္)လတန္ျမန္မာ၏ တရားဝင္ထုတ္ျပန္ေသာသတင္းအခ်က္အလက္မ်ားကို သိရွိႏိုင္ရန္ ဖူ(လ္)လတန္ျမန္မာမွ ခန႔္အပ္ထား ေသာ ေခ်းေငြအရာရွိမ်ား၊ ဖူ(လ္)လတန္ျမန္မာ၏ Official Website ႏွင့္ Official Facebook Page မ်ားမွ သတင္းမ်ား ရယူႏိုင္ပါသည္။

COVID-19 ေၾကာင့္ထိခိုက္နစ္နာရသည့္ အသင္းသားမ်ား မူလအေျခအေနသို႔ အျမန္ဆုံးျပန္လည္ေရာက္ရွိသြားေစရန္အတြက္ ဖူ(လ္)လတန္ျမန္မာအေနျဖင့္ အေကာင္းဆုံးကူညီေဆာင္႐ြက္ေပးဖို႔ အသင့္ရွိေနပါသည္။

ေလးစားစြာျဖင့္

ဖူ(လ္)လတန္ျမန္မာစီမံခန႔္ခြဲေရးအဖြဲ႕

Unicode

လေးစားတန်ဖိုးထားရပါသော အသင်းသားများ

 

လက်တလောကလတွင် ကမ္ဘာတစ်ဝှမ်းလုံး COVID-19 ကူးစက်မှုနှုန်းသည် တစ်စတစ်စဖြင့်ပြင်းထန်လျှက်ရှိပြီး မြန်မာနိုင်ငံ တွင်လည်း ကူးစက်ခံရသူအချို့ရှိနေပြီဖြစ်ပါသည်။ ဖူ(လ်)လတန်မြန်မာအနေဖြင့် အသင်းသားများ၏ ဘဏ္ဍာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မပျက်မကွက်ဆောင်ရွက်နေဆဲဖြစ်သည်ကို အခိုင်အမာပြောဆိုလိုပါသည်။

 

ပထမဦးစွာ အသင်းသားများအနေဖြင့် ကျန်းမာစွာနှင့် COVID-19 မကူးစက်အောင်နေထိုင်ရန် ပန်ကြားလိုပါသည်။ မြန်မာ တစ်နိုင်ငံလုံးရှိ ဖူ(လ်)လတန်မြန်မာရုံးခွဲများတွင် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်လျှက်ရှိပါသည်။ COVID-19 ရောဂါလက္ခဏာများဖြစ်သည့် ဖျားနာခြင်း၊ (သို့မဟုတ်) ချောင်းဆိုးခြင်း စသောလက္ခဏာ ရှိနေသည့် အသင်းသားများကို ရုံးအတွင်းသို့ ဝင်ရောက်ခွင့်မပြုသည်ကို နားလည်ပေးစေလိုပါသည်။ ဖူ(လ်)လတန်မြန်မာ၏ ရုံးနှင့် ရုံးခွဲများကို သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး လက်သန့်ဆေးရည်များကို အသင်းသားများအသုံးပြုနိုင်ရန် အတွက်လည်း ထားရှိပေးထားပါသည်။

 

တစ်ချိန်တည်းမှာပဲ ဖူ(လ်)လတန်မြန်မာတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၏ ကျန်းမာရေးကိုလည်း အမြဲမပြတ် စောင့်ကြည်လျှက်ရှိပါသည်။ အထူးသဖြင့် အသင်းသားများနှင့် ဆက်သွယ်နေရသည့် ဝန်ထမ်းများကိုပို၍အလေးထား စောင့်ကြည့်လျှက်ရှိပါသည်။

 

ဝန်ထမ်း (သို့မဟုတ်) ဝန်ထမ်းနှင့်အတူနေထိုင်သည့်သူ (သို့မဟုတ်) ဝန်ထမ်း၏ မိသားစုဝင် တစ်ဦးဦးသည် COVID-19 နှင့် ဆက်စပ်သည့် ရောဂါလက္ခဏာများရှိနေခြင်း (သို့မဟုတ်) မကြာသေးခင်ကမှနိုင်ငံခြားခရီးစဉ်မှ ပြန်လာခြင်း စသည်များရှိပါက ထိုဝန်ထမ်းအား ရုံးတက်ခြင်းမပြုစေဘဲ သက်ဆိုင်ရာဝန်ကြီးဌာန၏ ထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့် အညီနေထိုင် ကြရန် ညွှန်ကြားထားပြီးဖြစ်သည်။

 

ကွင်းဆင်းဝန်ထမ်းများအနေဖြင့် အသင်းသားများနှင့် ပြောဆိုဆက်သွယ်ရာတွင်လည်း COVID-19 ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်ရည်ရွယ်ချက်ဖြင့် နှာခေါင်းစည်းများ ဝတ်ဆင်ရန်ညွှန်ကြားထားသည်။ COVID-19 ကူးစက်မှုအန္တရာယ်မှ ကာကွယ်ရန်နှင့် လျှော့ချနိုင်ရန်အတွက် ဖူ(လ်)လတန်မြန်မာ၏ လုပ်ငန်းလည်ပတ်မှုများ အားလုံးတွင် လူစုလူဝေးများမရှိစေရန် နှင့် တက်နိုင်သမျှလျှော့ချရန် ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

 

ယခုကာလအပိုင်းအခြားတွင် ရောဂါကူးစက်မှုမှ ကာကွယ်ရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိသည်ကို အသင်းသားများ ရုံးသို့လာရောက်ချိန်တွင် တွေ့မြင်နိုင်ပါသည်။ ထိုသို့ ဆောင်ရွက်ထားရှိမှုအပေါ်တွင် အသင်းသား များမှ နားလည်ပေးသည့်အတွက်လည်း ကျေးဇူးတင်ပါသည်။ အသင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်နှင့် အချိန်နှင့်တပြေးညီရရှိစေရန်အတွက် ဖူ(လ်)လတန်မြန်မာ၏ ဝန်ဆောင်မှုများကို လက်လှမ်းမှီသည့်နေရာများတွင် တက်စွမ်း သလောက်မြှင့်တင်ထားပါသည်။

 

COVID-19 ကူးစက်ခံရမှုကြောင့် ထိခိုက်နစ်နာခြင်းရှိသည့် အသင်းသားများအနေဖြင့် ချေးငွေပေးဆပ်ရမှု အချိန်ဇယားများ ပြန်လည်ရေးဆွဲခြင်းနှင့် သဘောတူညီမှုများအားပြန်လည်ချမှတ်ခြင်း စသည့်အကူအညီများကိုရယူရန်အတွက် ဖူ(လ်)လတန် မြန်မာ၏ ချေးငွေအရာရှိများထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

 

တစ်ချို့ဒေသများ၌ အသေးစားငွေရေးကြေးရေးလုပ်ငန်းနှင့် ဆက်စပ်၍သော်လည်း ဖူ(လ်)လတန်မြန်မာ၏ ချေးငွေဝန်ဆောင် မှုများနှင့် ပက်သက်၍သော်လည်းကောင်း အသင်းသားများနှင့် ကုမ္ပဏီကြား မမှန်မကန်သော သတင်းအတုများ၊ ကောလဟာလ များကို ဖြန်ဖြူးခြင်းများရှိနေပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နေပြည်တော်ကောင်စီ၏ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့ အမိန့်အမှတ် (၂၅/၂၀၂၀) အရ အများပြည်သူ စိုးရိမ်ထိတ်လန့်စေမည့် မမှန်မကန်သတင်း၊ ကောလဟာလများကို ဖန်တီးခြင်း၊ ဖြန့်ဝေခြင်းမပြုလုပ်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားပြီးဖြစ်ပါသည်။ သို့ပါသောကြောင့် အသင်းသားများအနေဖြင့် ဖူ(လ်)လတန်မြန်မာ၏ တရားဝင်ထုတ်ပြန်သောသတင်းအချက်အလက်များကို သိရှိနိုင်ရန် ဖူ(လ်)လတန်မြန်မာမှ ခန့်အပ်ထား သော ချေးငွေအရာရှိများ၊ ဖူ(လ်)လတန်မြန်မာ၏ Official Website နှင့် Official Facebook Page များမှ သတင်းများ ရယူနိုင်ပါသည်။

 

COVID-19 ကြောင့်ထိခိုက်နစ်နာရသည့် အသင်းသားများ မူလအခြေအနေသို့ အမြန်ဆုံးပြန်လည်ရောက်ရှိသွားစေရန်အတွက် ဖူ(လ်)လတန်မြန်မာအနေဖြင့် အကောင်းဆုံးကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိနေပါသည်။

 

လေးစားစွာဖြင့်

ဖူ(လ်)လတန်မြန်မာစီမံခန့်ခွဲရေးအဖွဲ့

 

Scroll to Top